Thursday, May 10, 2012

Thursday, May 10, 2012 KIA မှ အစိုးရ စစ်တပ် ခလရ (၁၃၈) စခန်းသိမ်းပိုက် သတင်း - လတ်ထောလက် ၂၀၁၂ မေ (၁၀) ရက် မနက် နံနက် ၄: ၄၅ မိနစ် နှင့် ၅:၁၅ မိနစ် ချိန် ကြားတွင် မြစ်ကြီးနာ နှင့် ဆွမ်ပရာဘွမ် လမ်းမကြီး ခဂရန်း ကျေးရွာ တွင် အခြေစိုက်ထားသော အစိုးရစစ်တပ် ခလရ (၁၃၈) အခြေပြုစခန်း ကို KIA တပ်မဟာ (၂) မှ စစ်သား အချို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းသိရပါသည်။ အစိုးရစစ်တပ်မှ ယင်းစခန်း ကို ဆုပ်ခွာပေးလိုက်ရပြီး ယခုချိန်တွင် KIA စစ်တပ်များ အခြေပြုနေပြီဖြစ်ကြောင်းသိရပါသည်။ စခန်းတွင်း တွင် ဗိုလ် တစ်ဦးအပါအ၀င် အလောင်း (၈) လောင်း တွေ့ရပြီး လက်နက်ကြီး တစ်လက် အပါအ၀င် MA 4 နှစ်လက် , MA 5 သေနတ် ၁၈ လက် နှင့် စစ်သုံးပစ္စည်းများ လည်းသိမ်းဆည်းရမိကြောင်းသိရပါသည်။ စစ်သား အယောက် ၁၀၀ ရဲ့ စစ်ဝတ်စုံ (Uniform) အပြည့်အစုံ လည်းတွေ့ရှိရသဖြင့် အစိုးရစစ်သားများ ဟာ ရှေ့တန်းစခန်းများနှင့် KIA နယ်မြေထဲသို့ အရပ်ဝတ်များနှင့်လှုပ်ရှားသွားလာနေကြောင်းကိုလည်း ယင်းတိုက်ပွဲတွင် ပါဝင်ခဲ့သူ KIA အရာရှိတစ်ဦး ၏ပြောကြား ချက်အရ သိရပါသည်။

No comments:

Post a Comment