Sunday, May 6, 2012

သမိုင်းထဲက သမိုင်း အပိုင်းအစ တချို့ ဗိုလ်လင်းထင်(အလယ်)နှင့် တပ်မှူးတချို့။ (ဓါတ်ပုံ-KIC) ဗိုလ်ချုပ်နှုတ်ခမ်းမွေးကို ထိုင်းက မူးယစ်ရာဇာလို့ ဆုငွေထုတ်လိုက်တဲ့ သတင်းနဲ့ ဆက်စပ်ပြီး သထုံခရိုင် တပ်မဟာမှူး ဗိုလ်လင်းထင်ကို သတိရတယ် ဆိုတဲ့ ဆောင်းပါးနဲ့ ဗိုလ်လင်းထင် မဲဆောက်ကို ၀င်သိမ်းခဲ့တယ်ဆိုတဲ့ အကြောင်းတွေ ဆက်စပ်ရေးသား လာတာကို ဖူ့တာမိက် ဘလော့ကနေ ဖတ်ရပါတယ်။ အဲဒီကနေ တဆင့် သူရေဝ့်ဖါန်ဘလော့မှာလည်း ဗိုလ်လင်းထင်ရဲ့ မဲဆောက်မြို့ သိမ်းတဲ့ အကြောင်းတွေ ရေးသားလာတဲ့အပြင် အဲဒီအချိန်က ဗိုလ်ချုပ်မြနဲ့ ဗိုလ်လင်းထင် ဆက်ဆံရေး အခြေအနေတွေကိုပါ ရေးသားလာတာကို ဖတ်ရပါတယ်။ ဒါ့အပြင် သောသီခို ဘလော့မှာလည်း ဗိုလ်လင်းထင် မဲဆောက်မြို့သိမ်းအပြီး အကြီးအကျယ် ဖြစ်ပေါ်လာတဲ့ ပြသနာတွေကို ဗိုလ်ချုပ်မြကနေ နောက်နောင် မဖြစ်အောင် ထိုင်းတွေကို တာဝန်ယူ ကတိပေးပြီး ပြသာနာတွေ ဖြေရှင်းခဲ့တယ် ဆိုတာကိုလည်း ဖတ်ခဲ့ရပါတယ်။ ဒီစာတွေကို ဖတ်အပြီး စာရေးသူလည်း သိထားသမျှ ဖတ်ထားခဲ့ သမျှတွေနဲ့ ကြားထားခဲ့ သမျှတွေကို ရေးသားလာစေဖို့ တွန်းအားကြီး တခုဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ငယ်ရွယ်စဉ်က ဗိုလ်ချုပ်မြ။ စာရေးသူ မျှဝေ ရေးသားချင်တာက ဗိုလ်လင်းထင်နဲ့ ဗိုလ်ချုပ်မြတို့ သဘောထား မတိုက်ဆိုင်မှု ကနေ နှစ်ရှည်လများ ဖြစ်တည်မှုတွေ တချို့ရှိခဲ့ပြီး ဒီကေဘီအေ အကွဲအပြဲ ဖြစ်ပေါ်လာတဲ့ အချိန်ထိပင် ဆက်စပ်မှုတွေများ ရှိနေသလား ဆိုတာပဲ ဖြစ်ပါတယ်။ ယခင်က သထုံခရိုင်ကို တပ်မဟာ ၅လို့ ခေါ်ပြီး ဗိုလ်လင်းထင်ကို တပ်မဟာ ၅မှူးအဖြစ် လူသိများခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်လင်းထင်ဟာ တလင် တမယားစနစ် မကျင့်သုံးပဲ မိန်းမတွေ အများကြီး ယူထားတယ်ဆိုတာ ငယ်ငယ်ကတည်းကပင် ကြားဖူးနားဝ ရှိခဲ့ပါတယ်။ နောက်ပိုင်း တပ်မဟာ ၅လို့ခေါ်တဲ့ သထုံခရိုင်ကို တပ်မဟာ၁လို့ ပြောင်း လဲခေါ်ဝေါ်ခဲ့ကြပြီး တပ်မဟာ ၅ကိုတော့ ဖာပွန်ခရိုင်ကို ပြောင်းလဲ ခေါ်ဝေါ် ခဲ့ကြပါတယ်။ ကေအဲန်ယူ လက်အောက်ခံ ခရိုင်တွေထဲက သထုံခရိုင်ဟာ သထုံမြို့ပေါ် ရပ်ကွက်အချို့နဲ့ အခြား နေရာအနည်းငယ်က လွဲပြီး တခြား ခရိုင်တွေလောက် ခရာဇ်ယာန် ကရင်ရွာ သိမ့်မရှိတဲ့ ခရိုင်တခု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နယ်မြေဖြစ်ပြီး သထုံခရိုင်က ကရင်တွေဟာလည်း ဘာသာရေး အလွန်ကိုင်းရှိုင်းကြပါတယ်။ ကေအဲန်ယူရဲ့ သတ်မှတ်ချက်အရ သထုံခရိုင်ကို သထုံ၊ ကျိုက်ထို၊ ဘီးလင်းစတဲ့ ဆက်စပ် နယ်မြေတွေအပြင် သံလွင်မြစ်သာ ခြားတဲ့ ဖားအံမြို့ရဲ့ တဖက်ကမ်း မြိုင်ကလေး စတဲ့ သံလွင် အနောက်ခြမ်း ဒေသတွေလည်း ပါဝင်ပါတယ်။ စာရေးသူ ဖတ်ရ ကြားရသမျှ ဗိုလ်လင်းထင်အပါအ၀င် သထုံခရိုင်က ကော်သူးလေ တပ်မှူး တော်တော်များများ အဲဒီအချိန်က ဗိုလ်ချုပ်မြနဲ့ အဆင်ပြေမှုတွေ သိမ့် မရှိခဲ့ပါဘူး။ အခြေအတင် ဖြစ်နေတဲ့ တပ်မှူး အစည်းအဝေးတခုမှာ ဗိုလ်လင်းထင်က ဗိုလ်ချုပ်မြကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်မြဟာ ပေါ့ပေါ့ပါးပါး ရှိလှပြီး ခုန်ထွက် အရှောင်အတိမ်း ကောင်းလို့သာ သေနတ်ကျဉ်ဆံ မထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြရဲ့ ကိုယ်ပိုင်ရေးသား ထုတ်ဝေတဲ့ ကျနော်တင်ပြလိုသည့် ကျနော့် ဖြတ်သန်းမှု အစစ်အမှန်မှာလည်း သထုံခရိုင်ဘက် က တပ်မှူးတွေ လူထုဆန့်ကျင်ရေး လုပ်တဲ့ အကြောင်းနဲ့ သူနဲ့ သဘောထား မတိုက်ဆိုင်ရတဲ့ အကြောင်းတွေ ပါလာပါတယ်။ ဗိုလ်ချုပ်မြနဲ့ သထုံခရိုင်က တပ်မှူးတွေ ပြသာနာ အကြီးမားဆုံး သမိုင်းမှာ တွင်ကျန်ခဲ့တာက သထုံခရိုင်ထဲက ဘောသရောရွာမှာ ဖြစ်ပါတယ်။ သဘောထား မတိုက်ဆိုင်ပဲ လူထုဆန့်ကျင်ရေး လုပ်တယ်ဆိုပြီး သထုံခရိုင်ထဲက တပ်မှူး ၁၀ယောက်ကို ဗိုလ်ချုပ်မြက ကိုယ်တိုင် အရေးယူတဲ့အနေနဲ့ အပြတ်ရှင်းခဲ့ပါတယ်။ သွေးမြေကျခဲ့တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီလို ကိုယ်တိုင် အပြတ်ရှင်းနေတဲ့ အချိန် ဗိုလ်ချုပ်မြက ဓါတ်ပုံအရိုက်ခံခဲ့ပါ သေးတယ်။ ၉၅ ဒီကေဘီအေ ကွဲထွက်လာတဲ့ အချိန်မှာတော့ အဲဒီဓါတ်ပုံတွေဟာ ရန်သူဆီရောက်သွားပြီး ရန်သူရဲ့ အာဘော် မြန်မာ့အလင်း သတင်းစာထဲက ကေအဲန်ယူ ဘယ်လဲ ကေအဲန်ယူ ဘာလဲ ဆိုတဲ့ ဆောင်းပါးမှာ လှံစွပ်ကိုင်ထားပြီး တပ်မှူးတွေကို အရေးယူနေတဲ့ ဗိုလ်ချုပ်မြပုံကို နေ့စဉ်လိုလိုပင် ဖော်ပြပြီး အကြမ်းဖက်သမား လူသတ်သမား အဖြစ် ပုံဖော်ကာ ဗိုလ်ချုပ်မြကိုရော ကေအဲန်ယူ အဖွဲ့ကြီးကိုပါ ကမ္ဘာက အကြမ်းဖက်တွေလို့ မြင်အောင် ၀ါဒဖြန့်ခဲ့ကြတာကို အဲဒီအချိန်က မြန်မာ့အလင်း သတင်းစာ ဖတ်သူတိုင်း အမှတ်ရခဲ့ကြမှာပါ။ ဗိုလ်မြင့်သိန်း(အလယ်) ဓါတ်ပုံ-နေ့သစ် ဗိုလ်ချုပ်မြရဲ့ ကိုယ်ပိုင်ရေးသား ထုတ်ဝေတဲ့ ကျနော်တင်ပြလိုသည့် ကျနော့် ဖြတ်သန်းမှု အစစ်အမှန် စာအုပ်မှာတော့ သထုံခရိုင်က တပ်မှူးတွေက လူထု ဆန့်ကျင်ရေး လုပ်ခဲ့ကြောင်း၊ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဆက်လုပ်မြဲ ဆက်လုပ်နေသဖြင့် သထုံခရိုင်ထိ ဆင်းပြီး ဖြေရှင်းရတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ သူဆင်းဆင်းချင်း တပ်မှူးတွေကို ခန်းမ တခုမှာ လက်နက် ယူဆောင်ခွင့် မပေးပဲ ခန်းမထဲကို ၀င်ခိုင်းပြီး အစည်းအဝေး လုပ်ပါတယ်။ ဗိုလ်ချုပ်မြက ပိုင်တဲ့အချိန်မှာ လက်ဖက်ရည်လို့ အော်လိုက်တဲ့အချိန် ကြိုတင် ညှိထားတဲ့ သူ့လူတွေက အဲဒီတပ်မှူးတွေကို ဖမ်းလိုက်တယ်လို့ ရေးသားထားခဲ့ပါသေးတယ်။ အဲလို အရေးယူအပြီး ဗိုလ်ချုပ်မြက သထုံခရိုင်အတွင်း အုပ်ချုပ်ရေး တပ်ဖက်ဆိုင်ရာတွေကို အသစ်ပြန်လည် ဖွဲ့စည်းပြီး တပ်မဟာ ၅ကနေ တပ်မဟာ ၁အဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို လူအများကတော့ ဘောသရော အရေးအခင်းလို့ သမုတ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်မြနဲ့ သထုံခရိုင်က တပ်မှူးတွေဟာ ဗိုလ်လင်းထင် ခေတ်ကတည်းက ဖြစ်တည်ခဲ့တဲ့ ဆက်ဆံရေး အဆင်မပြေမှုကို မီးလောင်ရာ လေပင့်ဆိုသလို အဲဒီအဖြစ်အပျက်က ပိုပြီး နက်နက် ရှိုင်းရှိုင်းနဲ့ ကြီးထွားလာစေတယ်လို့ ဆိုရပါမယ်။ အသတ်ခံခဲ့ရတဲ့ တပ်မှူး တွေထဲမှာ စာရေးသူ မှတ်မိသလောက် နာမည် နှစ်ယောက် ရှိပါတယ်။ အဲဒီလူကတော့ ဗိုလ်အလက်ဇန်းဒါးနဲ့ ဗိုလ်စိန်သီးပဲ ဖြစ်ပါတယ်။ အဲဒီ ဗိုလ်စိန်းသီးဟာ ဘယ်သူပါလဲ။ သူဘယ်သူလဲ ဆိုတာ လူတွေ တော်တော် များများ မသိကြပါဘူး။ ယခင် ဒီကေဘီအေရဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကျော်သန်းရဲ့ ဖခင် တော်စပ်သူ လို့ သူတို့နဲ့ နီးစပ်သူနဲ့ ဆွေမျိုးတော်စပ်သူ ဟု ဆိုသူတဦးဆီက နေ လွန်ခဲ့တဲ့ နှစ် အနည်းငယ်ကပဲ သိခဲ့ရတာပါ။ သီခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဆွေ မျိုး တော်စပ်သူရဲ့ ပြောပြချက်အ ရတော့ တော်တော် လေး နီးစပ်မှု ရှိတာကိုတော့ တွေ့ရပါတယ်။ ဒါကြောင့် ဗိုလ်လင်းထင်နဲ့ ဗိုလ်ချုပ်မြရဲ့ အဆင်မပြေမှုကနေ ဒီကေဘီအေ အကွဲအပြဲအထိပင် ဆက်စပ်မှုတွေ ရှိနေသလား ဆိုပြီး အစချီပြီး ရေးသားခဲ့ရတာပါ။ ဒါ့အပြင် မြိုင်ကလေး ဘိလပ်မြေ စက်ရုံကို ၀င်စီးပြီး အဲဒီထဲက ပြင်သစ်တွေကို ခေါ်ဆောင်ကာ ကရင့်တော်လှန်ရေးကို ကမ္ဘာကနေ စာနာထောက်ထားလာအောင်နဲ့ ကူညီထောက်ပံ့မှုတွေ တချို့ ရလာအောင် ဆောင်ရွက်ခဲ့သူလို့ အများက ပြောနေတဲ့ ဗိုလ်မြင့်သိန်းဟာလည်း ခုနက အသတ်ခဲ့ရတဲ့ ဗိုလ်စိန်သီးနဲ့ ညီအစ်ကို တော်စပ်ပါတယ်လို့ ဆိုကြပြန်ပါတယ်။။ ဒါကြောင့် ယခင် ဒီကေဘီအေ စစ်ဦးစီးချုပ်နဲ့လည်း ဦးတော်စပ်သူလို့ ပြောလို့ရပါတယ်။ မြိုင်နန်းဆွေရဲ့ မြိုင်ကြီးငူ ဆရာတော် ဘ၀အချိုးအကွေ့များ ဆိုတဲ့ စာအုပ် မျက်နှာဖုံး စာရေးသူ ဗိုလ်မြင့်သိန်းနဲ့ တကြိမ်ထက် မနည်း မဲဆောက်မြို့မှာ တွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၀၅လား ၂၀၀၆လား သေချာ မမှတ်မိတော့ပါ။ စာရေးသူ AMIရုံးမှာ လူနာသွားစောင့်ရင်း မမျှော်လင့်ပဲ သူနဲ့ တွေ့ခွင့် ရခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်က သူဘာအကြောင်းနဲ့ လာလဲဆိုတာလည်း စာရေးသူ မသိခဲ့ရပါ။ အဲဒီအချိန်က စာရေးသူဟာ ကရင့်တော်လှန်ရေးထဲက အကြောင်းတွေကို များများစားစား မလေ့လာ ခဲ့မိသေးတော့ ဗိုလ်မြင့်သိန်းကို သာမာန်လူတယောက်လို့ သာ သဘောထားခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်မြင့်သိန်းဟာ ဆံပင်အရှည် ထားပြီး ဗမာစကားကို ဗမာတွေလို လေသံကအစ ပြောနိုင်ခဲ့သူလို့ စတွေ့တွေ့ချင်း ကောက်ချက်ချလိုက်ပါတယ်။ သူ့ကို တွေ့တဲ့ အချိန် သူ့ပြန်ပြောပြတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ၀င်စီးတဲ့ အကြောင်း မှတ်မိသလောက် ပြန်ပြောပြရမယ်ဆိုရင် မြိုင်ကလေးစက်ရုံဝင်းထဲကို ဗမာစစ်ဗိုလ် စစ်ဝတ်တန်ဆာ ၀တ်ပြီး ဗမာစစ်သား ၀တ်စုံဝတ်ဆင်တဲ့ နောက်လိုက် ရဲဘော် နှစ်ဦးနဲ့ ၀င်ခဲ့ခြင်း ဖြစ်ကြောင်း၊ စက်ရုံဝင်းထဲက ပြစ်သစ်တွေ တည်းခိုတဲ့ နေရာကို သွားတော့ ပြင်သစ်တွေ နေတဲ့ အိမ်ရဲ့ အရှေ့မှာ မီးလှုံပြီး ကင်းစောင့်နေတဲ့ ဗမာစစ်သား နှစ်ဦးကို တွေ့ခဲ့ကြောင်း၊ သူတို့လာတာကို တွေ့တော့ ကင်းစောင့်တဲ့ ဗမာစစ်သား တဦးက ဟေ့ဘယ်သူလဲလို့ လှမ်းမေးတော့ သူက ဗမာစစ်ဗိုလ်လေသံနဲ့ အဆဲအဆိုနဲ့စပြီး ငါပဲကွလို့ ဟန်ဆောင် ပြောဆိုခဲ့ကြောင်း၊ အဲလို လှမ်းအော် ပြီးတဲ့ အချိန်မှာပဲ အစိုးရိမ် လွန်ကဲတဲ့ သူရဲ့ ဘေးနားက အာလ်ပီဂျီ ကိုင်ဆောင်သူ ဒုံရင်းနယ်သား (ဖားအံမြို့ တောင်ဘက်ခြမ်း၊ ဇွဲကပင်တောင်ခြေက နယ်မြေ) တဦးရဲ့ အမိန့်မရသေးပဲ လက်ဆော့လိုက်တာကြောင့် မီးလှုံနေတဲ့ ဗမာစစ်သားနှစ်ဦးဟာ ရစရာမရှိအောင် ဖြစ်သွားပြီး မိမိလည်း ကမန်းကတန်းနဲ့ မြေကြီးပေါ် ၀ပ်လိုက်သော်လည်း အာလ်ပီဂျီပေါက်ကွဲ ရှိန်ကြောင့် ခေါင်းပေါ်ကို မြေကြီးတွေ အများအပြားး စင်ထွက် ကျလာကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။ နောက်ပြီး ပြင်သစ်တွေ နေတဲ့ အိမ်ကို ၀င်ပြီး ရဲဘော်တဦးက အမှုမဲ့ အမှတ်မဲ့ သေနတ်ကို စားပွဲပေါ်တင်ကာ ရေခဲသေတ္တာ ထဲက အစားအစာတွေကို ယူငယ်စားသောက်နေတုန်း တုန်ရီကြောက် လန့်နေတဲ့ ပြင်သစ်တဦးရဲ့ စားပွဲပေါ်က သေနတ်ကို လုယူဖို့ ကြိုးစားရာကနေ မလိုလား အပ်တဲ့ ပြသာနာတွေ ဖြစ်လာခဲ့ရတာတွေနဲ့ ပြင်သစ်တွေကို မာနယ်ပလောက စစ်ကူတွေ အကူအညီနဲ့ လမ်းမလျှောက်ခိုင်းပဲ မနယ်ပလောအထိ ထမ်းခေါ်ဆောင်သွားခဲ့တဲ့ အဖြစ် အပျက်တွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ စာရေးသူ အားလုံးကို မမှတ်မိတော့ပါဘူး။ စိတ်မကောင်း စရာတခုကတော့ သူပေးဆပ်ပြီး အလုပ်အကျွေး ပြုခဲ့တဲ့ ကရင့် တော်လှန်ရေးနဲ့ ကေအဲန်ယူအဖွဲ့ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေကို အာပေါင် သန်ရင်းနဲ့ မကောင်းကြောင်း ပြောခဲ့တာကို အဲဒီအချိန်က ၀မ်းနည်းဖွယ်တွေ့ မြင် ကြားမြင်ခဲ့ရပါတယ်။ တော်လှန်ရေးကိုလည်း ဦးဆောင်သူတွေကြောင့် အယုံအကြည် မရှိတော့တဲ့ လေသံတွေလည်း သူ့ရဲ့ ပါးစပ်ဖြားကနေ ထွက်လာတာကို စာရေးသူ ကိုယ်တိုင်ကြားခဲ့ရတာပါ။ သူရဲ့ ခံစားချက် သူရဲ့ ယုံကြည်ချက်တွေ ဘယ်လို ဖြစ်သွားလဲ ဘာအကြောင်းကြောင့်လဲ ဆိုတာကတော့ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါချေ။ ဒါ မမျှော်လင့်ပဲ ကျနော် ဗိုလ်မြင့်သိန်းနဲ့ တွေ့ဆုံခဲ့တဲ့ အဖြစ်အပျက်ပါ။ သထုံနယ်သား အများစု ပါဝင်တဲ့ ယခင် ဒီကေဘီအေ၏ ထိပ်ပိုင်း ခေါင်းဆောင်များ (အပေါ်)နှင့် ဒီကေဘီအေ အဓိက ၀င်ငွေ ရှာဖွေပေးခဲ့သူ မင်းသား သုံးယောက်(မုတ်သုံ၊ ချစ်သူ၊ ဘသိန်း) ခုနက ဗိုလ်စိန်သီး အကြောင်း ပြန်ဆက်ရရင်တော့ ဒီကေဘီအေ ဖြစ်ပေါ်လာအပြီး ဒီကေဘီအေ အခြေစိုက်တဲ့ မြိုင်ကြီးငူ ဒေသအကြောင်းနဲ့ မြိုင်ကြီးငူ ဆရာတွေ အကြောင်းကို မြိုင်နန်းရွေလို့ အမည်ရတဲ့ စာရေးဆရာတဦး ရေးသားတာကို ဖတ်ခဲ့ရဖူးပါတယ်။ မြိုင်နန်းရွေဆိုတာ ဗမာလူမျိုး တဦး ဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနအနားမှာ တိုက်ပုံအင်္ကျီာ တကားကားနဲ့ ခစားနေတဲ့ လူလဲ ဆိုတာတော့ မသိပါဘူး။ မြိုင်ကြီးငူ ဆရာတော် သွားတဲ့ နေရာတိုင်းမှာ ပါတာကို မှတ်တမ်းဓါတ်ပုံတွေ ဗီဒီယိုတွေထဲကနေ ခဏခဏ မြင်ခဲ့ရပါတယ်။ သူရေးတဲ့ မြိုင်ကြီးငူ ဆရာတော်၏ ဘ၀အချို့အကွေ့ ဆိုတဲ့ စာအုပ်မှာ မြိုင်ကြီးငူ ဆရာတော် အကြောင်း အပြင် ဒီကေဘီအေ ဖြစ်လာရတဲ့ အကြောင်းတချို့နဲ့ ဗိုလ်ချုပ်ကျော်သန်းအကြောင်း တချို့ပါ ဆက်စပ်ပြီး ပါလာတာကို ဖတ်ရပါတယ်။ ကျိုက်ထိုနယ်သား ဗိုလ်ချုပ်ကျော်သန်းဟာ ၈တန်း နှစ်ခါကျပြီး ကေအဲန်ယူရဲ့ စစ်သား ခွဲတန်းထဲကနေ စစ်သား ဖြစ်လာခဲ့သူ ဖြစ်ပြီး သူစစ်သား ဖြစ်တဲ့အချိန် သူ့ဖခင် ကွယ်လွန်ခဲ့ပြီး ဆိုတဲ့ အကြောင်း ရေးသားတာက လွဲပြီး ဗိုလ်စိန်သီး ဘယ်လို ကွယ်လွန်လဲဆိုတာကိုတော့ ရေးသားတာ မတွေ့ခဲ့ရပါဘူး။ မာနယ်ပလောမှာ ဗိုလ်ကျော်သန်း အရာခံဗိုလ် အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတုန်း မြစ်စုံအရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာဟာ ကရင့်တော်လှန်ရေးထဲက ဘာသာရေး တန်းတူမှု လွတ်လပ်မှု တခုမကပဲနဲ့ ပုဂ`၈ိုလ်ရေးတွေပါ ပါလာ သလားဆိုတာ ထည့်သွင်းစဉ်းစား စရာတွေ ရှိလာပါတယ်။ ဒါ့အပြင် အစဦးဆုံး မြစ်စုံအရေးမှာ တက်တက်ကြွကြွ ဦးဆောင် သူတွေနဲ့ နောက်လိုက်တွေ အများစုဟာ သထုံခရိုင်က လူတွေ ပိုများတာကို တွေ့ရပါတယ်။ ဒီကေဘီအေ ဖွဲ့လိုက်တဲ့ အချိန်မှာတော့ အဲဒီ တက်ကြွ လှုပ်ရှားသူတွေ ဖြစ်တဲ့ သထုံခရိုင်က လူတွေ ပိုနေရာရ ပါဝင်ကြတာကို တွေ့ရပါတယ်။ ယခင် ဒီကေဘီအေ၏ နံပါတ်(၁၊၂၊၃) ထိပ်ပိုင်း ခေါင်းဆောင်-ဗိုလ်ကျော်သန်း၊ စောသာထူးကျော်၊ ဗိုလ်ချုပ်ထွန်းလှိုင်(၀ဲမှယာ) အဲဒီအထဲမှာ သထုံခရိုင်ကလူတွေ အများစုပါ။ ယခင် ဒီကေဘီအေရဲ့ ထိပ်ပိုင်း နံပါတ် ၁၊ ၂ ၊ ၃နဲ့ ဗဟို ကော်မတီ တော်တော်များများဟာ သထုံခရိုင်က လူတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒီကေဘီအေ ထိပ်ပိုင်း နံပါတ် ၁-ဥက္ကဌ စောသာထူးကျော် ၂။-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်း ၃- ဗိုလ်ချုပ်ထွန်းလှိုင် (ဒုစစ်ဦးချုပ်)နဲ့ စောသံမဏိ မင်းဒင်တို့လို ဗဟိုကော်မတီ တော်တော်များများနဲ့ တပ်ဗိုလ်တပ်မှူး တော်တော်များများဟာ သထုံခရိုင်က လူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အထက်မှာ စာရေးသူ ပြောခဲ့သလိုပဲ သထုံခရိုင်က ကရင်ဗုဒ္ဓဘာသာတွေဟာ ဘာသာရေး အလွန်ကိုင်းရှိုင်းကြပြီး ဗုဒ္ဓ ဘာသာတွေထဲမှာပင် သာမာန်ထက် ဘာသာရေး အစွန်းအဖြား ကို ရောက်နေတယ်လို့ပင် ပြောလို့ရနိုင်ပါတယ်။ တဖက်မှာလည်း အိမ်ထောင်ကျပြီး ခရာဇ်ယန်ဘာသာဝင် ဖြစ်လာတဲ့ ဗိုလ်ချုပ်မြနဲ့အတူ တခြား ရောယှက် ၀င်ရောက်လာတဲ့ ဘာသာရေး အစွန်းအဖြားကို ရောက်နေသူ လုပ်ဖော်ကိုင်ဖက် တချို့နဲ့ သထုံခရိုင်က ဘာသာရေး အစွန်းအဖြား ရောက်နေသူတွေ အချင်းချင်းတို့ရဲ့ ပြသာနာဟာ တော်လှန်ရေးထဲမှာ ယုံကြည်ကိုးကွယ်မှုဆိုတဲ့ ဘာသာရေးကို သိသိသာသာကြီး ရိုက်ခတ်လာရပါတယ်။ သူ့ဘာသာမှ သူ့ဘာသာ ယုံကြည်နေသူနဲ့ ဘာသာရေး နှိပ်ကွပ်ခံရပြီး ငါလည်း ငါ့ဘာသာမှ ငါ့ဘာသာလို့ ယုံကြည်နေသူတွေရဲ့ အားပြိုင်မှုနောက်မှာ မြစ်ဆုံ အရေးအခင်း ကြီး ဖြစ်လာတယ်လို့ သုံးသပ်လို့ ရပါတယ်။ တဖက်မှာလည်း ဗိုလ်လင်းထင် အပါအ၀င် သထုံခရိုင်က တပ်မှူးတွေနဲ့ ဗိုလ်ချုပ်မြတို့ရဲ့ ပုဂိုလ်ရေး ဖြစ်တည်ခဲ့တဲ့ အကြောင်းရင်းတွေဟာလည်း မြစ်စုံအရေး အခင်းကို ပိုမိုကြီးထွားလာစေခဲ့သလားဆိုတာ ပြန်လည် သုံးသပ်ကြည့်ရင်တော့ အဖြေပေါ်နိုင်ပါတယ်။ နောက်ပြီး စာရေးသူ ခင်မင်ရင်းနှီးတဲ့ သထုံခရိုင်ဘက်က ကရင့်တော်လှန်ရေး သမားဟောင်း တဦးရဲ့ ပြောပြချက်ကိုလည်း မျှဝေချင်ပါတယ်။ ၉၀ခုနှစ်နောက်ပိုင်း တိုင်ပွဲပြင်းထန်တဲ့ မာနယ်ပလော ခံစစ် ထွီးဖားဝီးကျိုး (ခွေးအိပ်တောင်)ကို တခြားတပ်မဟာက စစ်ကူလာရပါတယ်။ အဲဒီအချိန်မှာလည်း သူအပါအ၀င် သထုံခရိုင်ဘက်က တပ်ကူတွေ လာရပါတယ်။ လာတဲ့လူ အားလုံးလိုလို တိုက်ရည်ခိုက်ရည် ကောင်းကြပါတယ်။ ဒါပေမယ့် အတိုက်ကောင်းပေမယ့်လည်း အဲဒီအချိန် ဗဟိုဘက်က လက်နက် ရိက္ခာတွေ လုံလုံလောက်လောက် မပေးတော့ ရှိတာလေးနဲ့ ခံတိုက်တာ နောက်ဆုံး သထုံခရိုင်ဘက်က ရဲဘော် အယောက် ၄၀ပဲ ကျန်တယ်လို့ စိတ်ထိခိုက်စွာနဲ့ ကျနော့ကို သူ ပြောပြခဲ့ဖူးပါတယ်။ သထုံခရိုင်က လူတွေကို ရန်ညိုးရန်စနဲ့ တမင်သက်သက် အနိုင်ကျင့်တယ်ဆိုပြီး တိုက်ဆိုင်မှု ရှိတိုင်း အဲဒီအကြောင်းတွေကို ပြောပြီး စိတ်ထိ ခိုက်ခံစားရတာ ကျနော်ခဏခဏ တွေ့ခဲ့ရဖူးတာတော့ အမှန်ပါပဲ။ အခုသူကတော့ အနားယူသွားပါပြီး။ အဲဒီအချိန်က ဗဟိုမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ တယောက်နဲ့ သူ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး တခါတုန်းက အချင်းများခဲ့ရတာကို စာရေးသူကိုယ်တိုင် ၀င်ရောက် ဖြန်ဖြေခဲ့ရဖူးပါတယ်။ သူပြောတာ ဟုတ်မဟုတ်ကတော့ ကာယကံရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ။ မိမိတို့ရဲ့ အကွဲအပြဲဖြစ်ရတဲ့ အကြောင်းကို ပြန်ရှာဖွေပြီး သမိုင်း တင်ထားဖို့လိုပါမယ်။ ရန်သူရဲ့ ထိုးခွဲမှု တခုထဲနဲ့ စွပ်စွဲပြောဆိုနေမယ့်အစား အခြေအနေမှန်ကို ပြန်လည်ရှာဖွေပြီး သင်ခန်းစာ ကောင်းတွေ မှန်ကန်တိကျတဲ့ သမိုင်း မှန်တွေကို နောင်လာနောက်သား တွေအတွက် ပြောပြပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ နောင်လာနောက်သားတွေကို ရန်သူရဲ့ ထိုးခွဲမှုတခုကိုပဲ မိမိတို့ရဲ့ အကွဲအပြဲ ပြသာနာကို ဆင်ခြင် ပြောကြမယ်ဆိုရင် မိမိတို့ရဲ့ အားနည်းချက်၊ ပြုပြင်ပြောင်းလဲ ယူရမယ့်အချက်တွေနဲ့ နားလည်မှု တည်ဆောက်ရမယ့် အချက်တွေကို ရှာဖွေ တွေ့မြင်နိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ဆုံး အားလုံးကို ပြောချင်တာက ရန်သူက ရန်သူအလုပ်ကို လုပ်နေတဲ့ အချိန်မှာ ကိုယ်က ဘာလုပ်ရမလဲဆိုတာ စဉ်းစား အဖြေရှာဖို့ လိုအပ်ပါတယ်။ စာရေးသူ ဖတ်ဖူး လေ့လာခဲ့ဖူးသလောက်နဲ့ ကြားဖူးနားဝ တချို့ကို ပြန်လည် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အချို့အချက်တွေက ခိုင်မာတိကျတဲ့ အချက်အလက်တွေဆီက ရထားသလို တချို့အချက်အလက်တွေက မှတ်တမ်းတင်ထားနိုင်လောက်တဲ့ ခိုင်မာတိကျမှု မရှိတာကိုတော့ ၀န်ခံပါတယ်။ ပျော်ရွင်ပါစေ အဲခေါင်သောင့် (မေလ ၅ရက်၊ ၂၀၁၂ခုနှစ်) Posted by ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် ) at 1:49 AM Labels: ကရင့်သမိုင်း 0 comments: Post a Comment Newer Post Older Post Home Subscribe to: Post Comments (Atom) Karen National Anthem ကရင့်နေ့ ထူးနေ့ မြတ်များ ကရင်နှစ်သစ်ကူးနေ -့---ပြာသိုလဆန်း ၁ရက်နေ့  ကရင်တော်လှန်ရေးနေ့ ---- ဇန်န၀ါရီလ 31ရက်နေ့  ကရင်အမျိုးသားအစည်းအရုံးနေ့  ---- ဖေဖော်ဝါရီလ 5ရက်နေ့  ကရင်အမျိုးသားနေ့  ---- ဖေဖော်ဝါရီလ ၁၁ရက်နေ့  ကရင်အမျိုးသမီးအစည်းအရုံးနေ-့ --- ဧပြီလ 5ရက်နေ့  ကရင်လူငယ်အစည်းအရုံးနေ့ ----မေလ 23ရက်နေ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ -့---ဂျူလိုင် 5ရက်နေ့  ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်နေ့ ---- ဂျူလိုင် 16ရက်နေ့  ကရင့်အာဇာနည်နေ-့ ---သြဂုတ်လ 12ရက်နေ့  ကရင်ချည်ဖြူဖွဲ့ (လက်ချည်ပွဲ)နေ့ ---- ၀ါခေါင်လပြည့်နေ့  ကရင့်အမျိုးသားခေါင်းဆောင်စောဘဦးကြီး စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။ /-------------------------------------------------------- ပဒိုမန်းရှာလုပ်ကြံခံရသည့်နေ့၊ ဖေဖော်ဝါရီလ၁၄ရက်၊(ချစ်သူများနေ့)တုန်လှုပ်ခဲ့ရသောနေ့  (၅၈)နှစ်မြောက်ကရင်အာဇာနည်နေ့ အခမ်းအနား ( KNL _ JAPAN ) ၂၀၀၈ ခုနှစ် KNL ( JAPAN ) သည် ၅၈နှစ်မြောက်ကရင်အာဇာနည်နေ့  အခမ်းအနား တပ်မဟာ ( ၇) တွင်တက်ရောက်စဉ် KNLJAPAN ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် ) ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် ) +81 03-6478-0940 ကရင်အမျိုးသားအဖွဲ့ ချုပ် ( ဂျပန် ) knljapan@gmail.com, Tokyo, Japan လှိုက်လှဲစွာကြိုဆိုပါသည်။ View my complete profile မိတ်ဆွေများမှာချင်တာတွေ၊အကြံပေးချင်တာတွေရေးနိုင်ပါသည်။ လာရောက် လည်ပတ်သော မိတ်ဆွေများ ဂျပန်နိုင်ငံတွင်ရှိသောကရင်အဖွဲ့အစည်းများ 1 . KAREN NATIONAL LEAGUE ( JAPAN ) KNL(JAPAN)............ 2 . KAREN INFORMATION SPACE(JAPAN)KIS (JAPAN )........... 3 . KAREN NATIONAL UNION (JAPAN) KNU(JAPAN)............ 4 . OVERSEA KAERN ORGANIZATION ( JAPAN ) OKO (JAPAN )............................. 5 . KAERN HUMAN RIHGTS COMMITTEE (JAPAN ) KHRC ( JAPAN ) TOKYO WEATHER karen Blog list ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်) ၂၀၀၉ အောက်တိုဘာ ၁၈ စည်းကမ်းသတင်း ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်) မှ အဖွဲ့ ဝင်များ မိမိပျက်ကွက်မှုကို မိမိတာဝန် ဖြစ်သည့် စည်းကမ်းကို ၂၀၀၉ အောက်တိုဘာ ၁၈ တွင် ဆုံးဖြတ်သတ်မှတ်လိုက်သည်။ KNL(Japan)တွင် အဖွဲ့ ဝင်အဖြစ် ပါဝင်ပြီး ၃လ နှင့် အထက် အဖွဲ့ ၏လုပ်ငန်းစဉ်များတွင် မပါဝင် နိုင်သော အဖွဲ့ ဝင် များ အဖွဲ့  လုပ်ငန်းစဉ် နှင့် ကရင်အမျိုးသားအရေး ဆောင်ရွက်ရန် ထည့်ဝင်ရမည့် အခန်းဌားခ နှင့် အလှူငွေ များ မထည့်ဝင် နိုင်သော အဖွဲ့ ဝင်များ အလိုအလျောက် ထုတ် ပယ် ခံရပြီးဖြစ်သည်။ ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်) ကရင်စာလုံးများနှင့် ဇော်ဂျီဖေါင့် စာလုံး ရယူရန်။ (to get karen & burmese fonts) ခွဲကဘောင်စာလုံးနှင့် Keyboard Karen Font & KB ဖလုံဖါ.ထါင်/ကညီပါ့ထံး ဇော်ဂျီယူနီကုတ် (Zawgyi Unicode for Window Vista Users) ဇော်ဂျီဖေါင့် (Zawgyi Font for Blog) ဇော်ဂျီယူနီကုန်ဖြုတ်ရန် (Zawgyi Remover) Video VideoPlaylist I made this video playlist at myflashfetish.com Karen Traditional Karen Traditional Buffalo Dance karen traditional food Karen Traditional Fashion Show karen traditional wrist tying ceremony New Bern Karen Traditional Lah Kwe Khee Su 1 Karen Tranditional Love Song Life is like dove for peace General Saw Bo Mya discussed General Khin Nyunt for peace Village Agency* Karen State * Publish at Scribd or explore others: အာဇာနည်တို့ ၏ သံဓိဌာန် အာဇာနည်တို့ ၏ သံဓိဌာန် Karen State Funeral of General Saw Bo Mya Death of Karen leader blow to Myanmar groups - 15 Feb 08 The Karen National Union, which is one of Myanmar's biggest rebel groups, has named a new leader following the murder of its chief. KNU general secretary, Mahn Sha, was shot dead at his home in the Thai border town of Mae Sot on Thursday. And, as Hannah Belcher reports, the secretary general's death is seen as a blow to the many tribal groups who are opposed to Myanmar's military government. Myanmar's Karen mourn KNU leader's death - 23 Feb 08 Japan English Sign Up QuickList (0) Help Sign In CloseSet Your Country Content Preference (What is this?)Choose which country's videos, channels, and activity filters (for example, "Most Viewed"), you would like to view.CloseSet Your Language Preference (What is this?)Choose the language in which you want to view YouTube. This will only change the interface, not any text entered by other users. Upload Video File Quick Capture Search Home Videos Channels Community life of karen people karen people and their new life karen in thailand kau taw kae Online Journal သတင်းတိုထွာမှတ်တမ်းများ သတင်း (1791) ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်)သတင်း (1479) နိုင်ငံတကာသတင်း (299) ကရင့်သမိုင်း (258) ဗီဒီယို (186) ကရင့်သမိုင်း (157) ဆောင်းပါး (93) ဂျာနယ် (24) ဓါတ်ပုံ (12) ရုပ်ရှင် (3) ကဗျာ (2) ဝတ္ထု (2) . (1) Total Guest OTHER WEBSITE KNLJAPAN * Karen Teacher Working Group MON at Japan (အဲခါန်.သင့်) videos VideoPlaylist I made this video playlist at myflashfetish.com MP3 Song KAREN VALLY KAREN VALLY Blog Archive ▼ 2012 (429) ▼ 05/06 - 05/13 (13) လူကုန်ကူးမှုနှင့် ခေတ်သစ်ကျေးကျွန်စနစ် (ရုပ်သံ) ကျောင်းပြန်လည် ထူထောင်ရေး ရန်ပုံငွေ တေးဂီတပွဲ ကရင်... ကရင့်တော်လှန်ရေးကို ကရင်ပဲ လုပ်သွားရမယ်..(အရှင်ပညာ... 2012年5月6日 つくば市竜巻 ဂျပန်နိုင်ငံတွင်လေဆင်နှာမောင်းဝင... 竜巻か、男子中学生死亡・45人負傷 ထိုင်းနိုင်ငံကို မူရယ်ဖဲ ကြိမ်စာအစွမ်းပြနေပြီ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးနုတ်ထွက်ကြေ... တီဗွီသတင်းလွှာ (၀၅-၀၆-၂၀၁၂) ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစ... ဆိုင်းဘုတ်ဖြုတ်ချမှု ငြိမ်းချမ်းရေးကို ထိခိုက်နိုင်... DKBA "ကလိုထူးဘော" အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောလ... သမိုင်းထဲက သမိုင်း အပိုင်းအစ တချို့ ထိုင်း၏ စွပ်စွဲချက်အကြောင်း KKO (ယခင်DKBA) ထပ်ရှင်... ► 04/29 - 05/06 (29) ► 04/22 - 04/29 (66) ► 04/15 - 04/22 (48) ► 04/08 - 04/15 (44) ► 04/01 - 04/08 (42) ► 03/25 - 04/01 (21) ► 03/18 - 03/25 (6) ► 03/11 - 03/18 (2) ► 03/04 - 03/11 (20) ► 02/26 - 03/04 (14) ► 02/19 - 02/26 (19) ► 02/05 - 02/12 (5) ► 01/29 - 02/05 (17) ► 01/22 - 01/29 (15) ► 01/15 - 01/22 (32) ► 01/08 - 01/15 (27) ► 01/01 - 01/08 (9) ► 2011 (2359) ► 2010 (1049) ► 2009 (827) ► 2008 (101) Labels . (1) ကဗျာ (2) ကရင့်သမိုင်း (157) ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်)သတင်း (1479) ကရင့်သမိုင်း (258) ဂျာနယ် (24) ဓါတ်ပုံ (12) နိုင်ငံတကာသတင်း (299) ဗီဒီယို (186) ရုပ်ရှင် (3) ဝတ္ထု (2) သတင်း (1791) ဆောင်းပါး (93) hello knl japan KNL Japan မှ လှိုက်လှဲစွာ ကြိုဆိုပါဧ။်....

No comments:

Post a Comment